နေပြည်တော် ဖေဖော်ဝါရီ ၁၄

အာဆီယံ - ဂျပန်ဗဟိုဌာန၏ ရန်ပုံငွေ (၂၀၂၃) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ National Activities Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သည့် “နိုင်ငံ့ဝန်ထမ်းအရာရှိများအတွက် စေ့စပ်ညှိ နှိုင်းမှုဆိုင်ရာ စွမ်းဆောင်ရည်များနှင့် နည်းလမ်းများ မျှဝေဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်း အနားကို ယနေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပ ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။

ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံ - ဂျပန်ဗဟိုဌာနမှ တာဝန်ရှိသူများနှင့်  အရာထမ်းများ  တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံအခြေစိုက် Green Olive Tree သင်တန်းကျောင်းမှ ဘာသာစကားနှင့် ဆက်ဆံရေးပညာဆိုင်ရာ ကျွမ်းကျင်သူ Ms. Michelle Loke က စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ သိသင့်သိထိုက်သည့် ခေါင်းစဉ်များဖြစ်သော စေ့စပ်ညှိနှိုင်းမှု၏ အဓိပ္ပာယ်၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာနည်းလမ်းများ၊ စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်၊ ထိရောက် သော စေ့စပ်ညှိနှိုင်းမှု၊ စေ့စပ်ညှိနှိုင်းမှုများတွင် တွေ့ကြုံရနိုင်သည့် စိန်ခေါ်မှုများအပေါ် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းများ စသည်တို့ကို အွန်လိုင်းမှ မျှဝေဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲမှ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးခြင်း၊ စာချုပ်စာတမ်းများ ဆွေးနွေးညှိနှိုင်းခြင်း၊ ပြည်တွင်း၊ ဒေသတွင်းမူဝါဒများညှိနှိုင်း ချမှတ်ခြင်း၊ ရုံးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဘုံသဘောတူညီချက် ရှာဖွေတည်ဆောက်ခြင်းနှင့် နိုင်ငံတကာနှင့် ဒေသတွင်းဆက်ဆံရေးများတွင် မြန်မာနိုင် ငံရှိ အစိုးရရုံးဌာနများမှ အရာထမ်းများအနေဖြင့် စေ့စပ်ညှိနှိုင်းမှုမဟာ ဗျူဟာများနှင့် နည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်လာကာ စီမံအုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အဆိုပါ နည်းလမ်း စနစ်များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ပြန်လည်အသုံးချနိုင်မည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။

စေ့စပ်ညှိနှိုင်းမှုစွမ်းဆောင်ရည်သည် အစိုးရဌာန အချင်းချင်းအကြား၊ နှစ်နိုင်ငံအကြား၊ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များတွင် အဓိကအရေးပါသည့်အတွက် ယင်းတို့ကို လက်တွေ့အသုံးချ ဆောင်ရွက်နေသည့် အစိုးရကဏ္ဍမှ အရာထမ်းများ၏ စေ့စပ်ညှိနှိုင်းမှုစွမ်းဆောင်ရည်များကို မြှင့်တင်ရန်လိုအပ်သောကြောင့် ယခုဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်