ဖေဖော်ဝါရီ ၁၅
မလေးရှားနိုင်ငံ၏လူဦးရေသည် ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၃၃ ဒသမ ၇ သန်းရှိရာ ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ယမန်နေ့ကတရားဝင်အချက်အလက်ဖော်ပြထားသည်။ မလေးရှားနိုင်ငံ စာရင်းအင်းဌာန၏ပြောကြားချက်အရ နိုင်ငံသားဦးရေ ၃၀ ဒသမ ၅ သန်း( ၉၀ ဒသမ ၆ ရာခိုင်နှုန်း)နှင့် နိုင်ငံသားမဟုတ်သူဦးရေ ၃ ဒသမ ၂ သန်း ( ၉ ဒသမ ၄ ရာခိုင်နှုန်း)တို့ဖြစ်ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်တွင် ကျားဦးရေ ၁၇ ဒသမ ၂ သန်းမှ ၁၇ ဒသမ ၇ သန်းအထိမြင့်တက်လာပြီး အလားတူကာလမှာပင် မ ဦးရေ ၁၅ ဒဿမ ၈ သန်းမှ ၁၆ သန်းအထိ များပြားလာသည်။ ၂၀၂၃ ခုနှစ် စတုတ္ထသုံးလပတ်တွင် မွေးကင်းစမှအသက် ၁၄ နှစ်အရွယ်ရှိသူအရေအတွက် ၇ ဒသမ ၆ သန်းရှိရာ ၂၀၂၂ ခုနှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားသည်။ အသက် ၁၅မှ ၆၄ နှစ်အရွယ်ရှိသူများသည် ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်က ၂ ဒသမ ၄ သန်းရှိရာမှ ၂၀၂၃ ခုနှစ်အလားတူကာလတွင် ၂ ဒသမ ၅ သန်းအထိ များပြားလာသည်။ ၂၀၂၃ ခုနှစ် ကလေးမွေးဖွားမှု ၁၁၂၇၆၇ ဦးရှိရာ ၂၀၂၂ ခုနှစ် ကလေးမွေးဖွားမှု ၁၁၄၀၆၇ ဦးနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု သိရသည်။ ၂၀၂၃ ခုနှစ်က သေဆုံးမှု ၄၈၂၅၀ ရှိရာ ၂၀၂၂ ခုနှစ်က သေဆုံးမှု ၅၀၃၇၄ နှင့်နှိုင်းယှဉ်ပါက သေဆုံးမှုနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို