ဖေဖော်ဝါရီ ၁၆
မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းတွင် ယခုနှစ်ဆောင်းရာသီအတွင်း အအေးလွန်ကဲမှုကြောင့် လက်ရှိအချိန်အထိ မွေးမြူရေးတိရစ္ဆာန်အကောင်ရေ ၆၁၁၉၂၄ ထက်မနည်းသေဆုံးခဲ့ကြောင်း နိုင်ငံ၏အရေးပေါ်ဆိုင်ရာကော်မရှင်အဖွဲ့ အက်စ်အီးစီ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာကဖော်ပြထားသည်။ မြေပြင်တွင်နှင်းများဖုံးလွှမ်းခြင်း၊ အေးခဲခြင်းတို့ကြောင့် ဆောင်းရာသီအအေးပိုကာ မွေးမြူရေးတိရစ္ဆာန်အကောင်ရေသေဆုံးမှုများပြားလာခြင်းဖြစ်သည်။ နိုင်ငံ၏ပြည်နယ် ၂၁ ခုအတွင်း အရှေ့ဘက်ရှိ ခန်တီ၊ ဒါနော့၊ ဆာ့ဘာတာနှင့် ဒါနိုဂိုဗီပြည်နယ်တို့နှင့် အနောက်အလယ်ပိုင်းရှိ အာခန်ဂီပြည်နယ်တို့တွင် တိရစ္ဆာန်အကောင်ရေသေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်ကြောင်း အက်စ်အီးစီက ပြောကြားသည်။ တိရစ္ဆာန်ထိန်းကျောင်းမှုလုပ်ဆောင်သည့်အိမ်ထောင်စု ၁၃၅၀၀ ထက်မနည်း နှင်းထုအတွင်းပိတ်မိနေပြီး နှင်းများ ကျဆင်းမှုကြောင့် လမ်းအရှည် ကီလိုမီတာ ၃၈၄၀၀ အထိလမ်းများပိတ်နေသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို