ပွင့်ဖြူ     ဖေဖော်ဝါရီ     ၁၇

 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်း အရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ၊ တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာ မြေသားလမ်းသည် အရှည်ပေ ၇ ဖာလုံရှိပြီး ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၈၅ သန်းဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုလ ၁၆ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

 

အဆိုပါမြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူအတွက် မြို့ပြနှင့် ကျေးလက် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်မည့်အပြင် ဒေသထွက်ကုန်စည် ကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများကိုလည်း ဈေးကွက်သို့ လွယ်လင့်တကူ သယ်ယူပို့ဆောင်ရောင်းချသွားနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်က ပြောသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)