မင်းလှ ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စာနီစုကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်က လျှပ်စစ်ဒယ်နီအိုးအပူလွန်ကဲမူကြောင့် ဝါယာကြိုးရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားရာ နေအိမ်(၃) လုံးမီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စာနီစုကျေးရွာနေ ဒေါ်တင်တင်ချို၏ နေအိမ် သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ်နေအိမ်မှ လျှပ်စစ်ဒယ်နီအိုး အပူလွန်ကဲမူကြောင့် ဝါယာကြိုးရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ရာမှ အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးမှုးဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ စစ်ကွင်းမီးသတ်တပ်ဖွဲ့တို့က အချိန်မီ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၁၅ မိနစတွင် မီးငြှိမ်းနိုင်ခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)