ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်ပညာရေးတက္ကသိုလ်(ကြက်ခြေနီအသင်းခွဲ)၏ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ ရန်ကုန်ပညာရေးတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်များ၊ စီမံရေးရာ၊ ဘဏ္ဍာရေးရာ၊ သင်တန်းရေးရာ၊ စာပေးစာယူဌာန ဌာနမှူးများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ မော်ကွန်းထိန်း၊ အဆောင်မှူးများ၊ ကြက်ခြေနီ အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင် က ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အဖွင့် အမှာစကားတွင် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌ ဒေါက်တာဇော်ဌေးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း အသင်းခွဲဖွဲ့စည်းသည့်ခန့်အပ်လွှာကို ရန်ကုန်ပညာရေးတက္ကသိုလ်(ကြက်ခြေနီအသင်းခွဲ)ဥက္ကဌထံ ပေးအပ်ခဲ့ပါကြောင်း၊ ဆေးပစ္စည်းသေတ္တာကို ရန်ကုန်ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


