နေပြည်တော် ဖေဖော်ဝါရီ ၁၇

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ဖေဖော်ဝါရီ ၁၅ ရက်ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မင်းလှမြို့ရှိ ၂၃၀ကေဗွီ, ၁၀၀အမ်ဗွီအေ မင်းလှ ပင်မဓာတ်အားခွဲရုံ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဉီးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ရှိ  ၂၃၀ကေဗွီ, ၁၀၀အမ်ဗွီအေ မင်းလှပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲ ရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေမှု ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံရှိသဘာဝအရင်းအမြစ်များကိုအသုံးချ၍ နည်းမျိုးစုံဖြင့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်၊ ပို့လွှတ် ၊ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ထရန်စဖော်မာဝန်အား စာရင်းအား အမြဲစိစစ်၍ မှတ်တမ်းထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများအား ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများ အားလုံး စည်းလုံးညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများ အရည်အသွေး မြှင့်တင်ရေး ဌာနတွင်းလုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ Switchgear  များအား ပုံမှန်ပြုပြင် ထိန်းသိမ်း၍ ကြံ့ခိုင်မှုကောင်းမွန်စေရေး ဆောင်ရွက်ရန် မှာကြား၍ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများ၊ ဓာတ်အားလွှတ်ပစ္စည်းများ၏ အခြေအနေနှင့် Switch-Bay အသစ်တိုးချဲ့တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်