နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)မှ အဖွဲ့ဝင်များအားတွေ့ဆုံစဉ် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်၊ လူရွယ်များနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် နိုင်ငံ့အကြီးအကဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး ပြောကြားခဲ့မှု၊ ပြည်သူ့စစ်မှုထမ်းစနစ်နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ဒီနေ့မှာတော့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ YMBA အသင်းရဲ့ အလုပ်အမှုဆောင်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့တဲ့နေရာမှာ ကျွန်တော်တို့ လူငယ်တွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲရဲ့ မျှော်မှန်းချက် ရည်မှန်းချက်၊ နိုင်ငံတော်ရဲ့ မျှော်မှန်းချက် ရည်မှန်းချက်နဲ့ပတ်သက်ပြီး အသေးစိတ်ပြောပြခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက် လူမှုရေးဦးတည်ချက်တွေမှာ လူငယ်လူရွယ်များကို ဗလငါးတန်ဖြစ်တဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတွေနဲ့ပြည့်စုံတဲ့ လူငယ်တွေ မွေးထုတ်ပေးနိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့ ဦးတည်ချက်ပါတယ်ဆိုတာကို အသေးစိတ်ပြောပြခဲ့ပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ပါပဲလို့ လူငယ်တိုင်း လူငယ်တိုင်းသည် တိုင်းပြည်ရဲ့အနာဂတ်ပဲဖြစ်ပါတယ်။ ယနေ့လူငယ် နောင်လူကြီးဆိုတဲ့ စကားအတိုင်း တိုင်းပြည်ကိုတစ်ချိန်မှာ ကျွန်တော်တို့ရဲ့လူငယ်တွေ က ဦးဆောင်သွားရမှာဖြစ်ပါတယ်။

ဒီလူငယ်တွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေ၊ ပထဝီနိုင်ငံရေး အခြေအနေတွေအရသည် လူငယ်တွေသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ဒီလိုနိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ပြည့်ဝနေတဲ့အပြင် ဒီလူငယ်တွေသည် နိုင်ငံတကာကလေးစားခန့်ညားရတဲ့ လူငယ်တွေ၊ စွမ်းအင်ရှိတဲ့ လူငယ်တွေဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ကျွန်တော်တို့အနေနဲ့လူငယ်တွေကို မိမိနိုင်ငံကိုမိမိ ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ၊ မိမိလူမျိုးကိုမိမိ ဘယ်လိုစောင့်ရှောက်မလဲဆိုတဲ့ အသိပညာများပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလိုအပ်တဲ့အတွက်လည်း ပြည်သူ့စစ်မှုထမ်းစနစ် တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ်ကို စတင်ကျင့်သုံးရခြင်းပဲဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းစနစ် အမျိုးသားစစ်မှုထမ်းစနစ်ဆိုတာ ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံတည်းမှာ ကျင့်သုံးနေတာမဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအများစုမှာ ဥပဒေပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ လက်တွေ့ကျင့်သုံးတဲ့နိုင်ငံ၊ လက်တွေ့မကျင့်သုံးတဲ့နိုင်ငံ၊ တစ်စိတ်တစ်ပိုင်းပဲ ကျင့်သုံးတဲ့နိုင်ငံ၊ အချိန်ပိုင်းပဲကျင့်သုံးတဲ့နိုင်ငံ ဒီလိုမျိုးကွဲခြားချက်တွေနဲ့ရှိပါတယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့ နေရာမှာလည်း ကျွန်တော်ယခင်ကလည်း ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒီလူငယ်လူရွယ်တိုင်း အကျုံးဝင်တဲ့ လူငယ်လူရွယ်တိုင်းသည် ပြည်ဖျက်မီဒီယာများ၊ EAO အချို့သောဖောက်ပြန်တဲ့ EAO အဖွဲ့များ၊ သောင်းကျန်းသူအဖွဲ့များ၊ အကြမ်းဖက်အဖွဲ့များက လူငယ်လူရွယ်များကို လမ်းမှားရောက်အောင် ချောက်တွန်းနေသလို အားလုံးသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရမှာ မဟုတ်ပါဘူး။ အလှည့်ကျပဲ ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့ပြီးသလိုပဲ လူ  ၂၀၀ မှာ တစ်ယောက်တောင် ထမ်းဆောင်နိုင်ဖို့ နိုင်ငံတော်တာဝန် ကာကွယ်ရေးတာဝန်ကို တစ်နှစ်မှာ လူ ၂၀၀ မှာ တစ်ယောက်ထမ်းဆောင်နိုင်ဖို့ ခဲယဉ်းပါတယ်။

ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်တဲ့နေရာမှာ သတ်မှတ်ထားတဲ့ လစာနှုန်းထား၊ ရိက္ခာ၊ ခံစားခွင့်အားလုံးပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း မိမိရဲ့ဝန်နဲ့ အားနဲ့ညီမျှအောင် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ စနစ်တကျကောင်းမွန်တဲ့လေ့ကျင့်မှု (Well Train)၊ စနစ်တကျကောင်းမွန်တဲ့စုဖွဲ့မှု (Well Organization)၊ စနစ်တကျ ကောင်းမွန်တဲ့ပြင်ဆင်မှု (Well Preparing) ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ခံယူချက်ပိုင်းဆိုင်ရာ ယုံကြည်ပြည့်ဝစေဖို့ ဆောင်ရွက်မှာပဲဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ဖို့အတွက် စစ်နည်းပညာရပ်တွေ၊ ကာကွယ်ရေးပညာရပ်တွေ သင်ကြားပေးခြင်းဖြင့် လူငယ်များအား မိမိကိုယ်ကိုယုံကြည်စိတ်၊ မိမိအဖွဲ့အစည်းအပေါ် ယုံကြည်စိတ်၊ မိမိနိုင်ငံအပေါ်ယုံကြည်စိတ်၊ မိမိလူမျိုးအပေါ် ယုံကြည်စိတ်တွေ တိုးမြင့်လာမှာဖြစ်ပါတယ်။

ဒီယုံကြည်စိတ်၊ ယုံကြည်မှုဟာ သိပ်ကိုအရေးပါတဲ့ အခန်းကဏ္ဍကပါဝင်ပါတယ်။ ယုံကြည်မှုသည် ရဲစွမ်းသတ္တိဖြစ်ပါတယ်။ လူငယ်များအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးပညာရပ်တွေကို သင်ကြားတတ်မြောက်ခြင်းအားဖြင့် မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ယုံကြည်မှုရဲစွမ်းသတ္တိအပြည့်နဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ပြောချင်တာက တစ်နှစ်တွင် လူ ၂၀၀ မှာ တစ်ယောက် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ဖို့ ရွေးချယ်ခွင့်ရရှိဖို့ ဖြစ်နိုင်မှာဖြစ်ပါတယ်။ ခုနကပြောသလို ယုံကြည်မှုသည် ရဲစွမ်းသတ္တိ Believable Courage ဖြစ်တယ်။ ဒါ့ကြောင့် ဘဝတစ်လျှောက်လုံးမှာ မိမိနိုင်ငံကို ကာကွယ်နိုင်တဲ့ ယုံကြည်မှု၊ မိမိကိုယ်ကိုကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ မိမိမိသားစုကို ကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု၊ မိမိလူမျိုးကို ကာကွယ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့အတွက် နိုင်ငံတော်ကာကွယ်ရေးပညာကို သင်ကြားနိုင်ဖို့ ဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။