ပုသိမ်၊ ဖေဖော်ဝါရီ  ၁၈
ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် လေးမျက်နှာမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၄၈  ခုမှ ပြည်သူ ၅၁၄ ဦး၊ မအူပင်မြို့နယ် ရပ်ကွက် / ကျေးရွာအုပ်စု  ၈၈  ခုမှ ပြည်သူ ၆၉၆  ဦး စုစုပေါင်း  ၁၂၁၀  ဦး တက်ရောက်၍ လက်တွေ့စမ်းသပ် မဲပေးလေ့လာကြသည်။
ဦးစွာ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိ သူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသကြပြီး တက်ရောက် လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့ စမ်းသပ်မဲပေးကြသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးနယ်မြေရှိ မြို့နယ်များ၌ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်