ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၁၈

အရပ်သားများအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခွင့်ပြုပြီးနောက် ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အရိပ်အမြွက် ပြောကြားလိုက်သည်။

ထို့အပြင် စစ်ဆင်ရေးများကို ရပ်တန့်ရန် ကြိုးပမ်းခြင်းမှာ အစ္စရေးအားစစ်ပွဲရှုံးနိမ့်ကြောင်း ပြောခြင်းဖြစ်သည်ဟု နေတန်ယာဟု က ဖေဖော်ဝါရီ ၁၈ ရက်တွင် သတင်းထောက်များအား ပြောသည်။ ပါလက်စတိုင်းပိုင်နက် တောင်ဘက်စွန်းရှိ ရာဖာမြို့တွင် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်သူများအပါအဝင် လူပေါင်း ၁ ဒသမ ၅ သန်း နီးပါး နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါမြို့မှာ ဟားမားစ်တို့ အခိုင်အမာခြေကုပ်ယူထားသော နေရာတစ်ခုဖြစ်ကြောင်း အစ္စရေးက ပြောသည်။ အစ္စရေးတပ်ဖွဲ့အနေ ဖြင့် ဂါဇာကမ်းမြောင်တောင်ပိုင်း ခန်းယူနစ်မြို့ရှိ ၎င်းတို့၏ စစ်ဆင် ရေးကို မကြာမီအဆုံးသတ်တော့မည်ဖြစ်ကြောင်း နေတန်ယာဟုက ပြောသည်။

အရပ်သားများအား အကာအကွယ်ပေးမည့်အစီအစဉ်မရှိဘဲ ရာဖာမြို့ကို စစ်ဆင်ရေးမပြုလုပ်ရန် အမေရိကန်က အစ္စရေးကို တိုက်တွန်းထားသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ဟားမားစ်တို့က ဖမ်းဆီးထားသော ကျန်ရှိနေသည့် ဓားစာခံများ ပြန်လွှတ်ပေးရေးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုမှာ ရပ်တန့်နေကြောင်း သိရသည်။

၎င်း၏အဖွဲ့အနေဖြင့် ပြီးပြည့်စုံသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးထက် လျော့နည်းသည့် မည်သည့်အရာကိုမျှ လက်ခံသွားမည် မဟုတ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ချက်တွင် ဟားမားစ် ခေါင်းဆောင် အစ္စမေးလ် ဟာနီယာက ပြောသည်။       

အင်န်အိတ်ချ်ကေ