တိုကျို၊ ဖေဖော်ဝါရီ ၁၉

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ခန့်က ဂျပန်နိုင်ငံတွင် ပြုလုပ်သော စာဖတ်ခုံ တစ်ခုကို ပေါ်တူဂီနိုင်ငံတွင် တွေ့ရှိကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စာဖတ်ခုံကို အနက်ရောင်သစ်စေးများဖြင့် သုတ်လိမ်းထားပြီး အလယ်တွင် ရေးဆွဲထားသော ထင်းရှူးပင် တစ်ပင်ရှိသည်။ ၎င်း၏ အနားသတ်များကို ကနုကမာလက်ရာများဖြင့် ခြယ်သထားသည်။ ယဉ်ကျေးမှုဆိုင်ရာ  တိုကျိုအမျိုးသားဌာနမှ သုတေသီတစ်ဦးဖြစ်သူ ကိုဘယာရှိ ကိုဂျိက ပေါ်တူဂီနှင့် စပိန်ခရီးသွားများက ဂျပန်သို့ မှာယူထားသော ယွန်းထည်ပစ္စည်းများထဲမှ နောက်ဆုံးတွေ့ရှိမှုဖြစ်သည်ဟု ယူဆရကြောင်း ပြောသည်။

ထို့အပြင် ယခုစာဖတ်ခုံအမျိုးအစားကို ကျမ်းစာများဖတ်ရာတွင် အသုံးပြုလေ့ရှိကြောင်း ၎င်းက ဆက်ပြောသည်။ X-ray စစ်ဆေးမှုများအရ ထင်းရှူးပင်ပုံအောက်တွင် တစ်စုံတစ်ခုကို ဖယ်ရှားထားကြောင်း ညွှန်ပြနေသည့် သဲလွန်စများကို တွေ့ရှိကြောင်း၊ နောက်ပိုင်းတွင် ကိုဘယာရှိနှင့် အခြားသော သုတေသီများက လက်ဝါးကပ်တိုင် တင်ထားသော ခရစ္စတော်ပုံနှင့် IHS လိုဂို၏ အကြွင်းအကျန်များ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။      

အင်န်အိတ်ချ်ကေ