ဖေဖော်ဝါရီ ၁၉
သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ပထမ ၄၅ ရက်အတွင်း ခရီးသွားလုပ်ငန်းမှ ရူပီး ခုနစ် ဘီလီယံ( အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်းခန့်) ဝင်ငွေရရှိမှုစံချိန်တင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ယမန်နေ့ကဖော်ပြထားသည်။ အဆိုပါကာလအတွင်း သီရိလင်္ကာနိုင်ငံသို့ ခရီးသွား ၃၀၆၇၀၈ ဦး ဝင်ရောက်ခဲ့သည်ဟု သိရသည်။ နိုင်ငံအတွင်းသို့ နေ့စဉ်ခရီးသွားဝင်ရောက်မှု ၉၀၀၀ နီးပါးရှိရာ ခရီးသွားလုပ်ငန်း တစ်ရှိန်ထိုးမြင့်တက်လာသည်ဟု လေ့လာသူက ပြောကြားသည်။ သီရိလင်္ကာနိုင်ငံသို့ ခရီးသွားအုပ်စုဝင်ရောက်မှုအများဆုံးနိုင်ငံများတွင် အိန္ဒိယ၊ ဩစတြေးလျ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ ပါဝင်ကြောင်း နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအာဏာပိုင်အဖွဲ့၏ပြောကြားကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်က ခရီးသွား ၁ ဒသမ ၄၈ သန်းကျော် လာရောက်လည်ပတ်ခဲ့ရာ ယခင်နှစ်ကထက် နှစ်ဆပိုမိုများပြားခဲ့သည်ဟု တရားဝင်အချက်အလက်ဖော်ပြချက်အရသိရသည်။ ၂၀၁၇ ခုနှစ်က ခရီးသွားဝင်ရောက်မှု ၂ ဒသမ ၅ သန်းကျော်ရှိရာ ခရီးသွားဝင်ရောက်မှုစံချိန်တင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်ခရီးသွားဝင်ရောက်မှုရှိစေရန် စီစဉ်ထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို