ရန်ကုန် ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အရှေ့ ကြို့ကုန်းရပ်ကွက်၊ မင်းဓမ္မလမ်း၊ လောကချမ်းသာ အဘယ လာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ရှေ့၌ ဝန်ထမ်းများက သန့်ရှင်းသာယာလှပစေရေး မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းပြီး သစ်ရွက်ကြွေ အမှိုက်များ ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းဘေးဝဲ/ယာ ရေစုကန်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး အင်ဂျင်နီယာဌာ (ရေစီးရေလာစီမံခန့်ခွဲမှု)၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနနှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနတို့မှ ဝန်ထမ်းများက ရေစုကန်ရေမြောင်း အတွင်းရှိ အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ၉ ရပ်ကွက်၊ ရန်ကုန်-ညောင်တုန်းလမ်းနှင့် မကွေးလမ်းကြားရှိ ရေစုကန်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ဝန်ထမ်းများ ပူးပေါင်း၍ ရေစုကန်ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်