နေပြည်တော် ဖေဖော်ဝါရီ ၁၉

 

ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ဒေသစာရင်း စစ်ရုံးများမှ  တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ယခုသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေ၊ စစ်ဆေးရေးနှင့် လုပ်ငန်းခွင်သုံး ဘာသာရပ်များအပြင် ဝန်ထမ်းကျင့်ဝတ်နှင့် အပြုအမူပိုင်းဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊  ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများအနေဖြင့် သင်ကြားပို့ချမှုများကို အလေးထား လေ့လာမှတ်သား၍ လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်၊ ခေါင်းဆောင်မှုအောက်တွင် အရည်အသွေးပြည့်ဝသည့် နောက်လိုက်ကောင်းများဖြစ်စေရန်၊ ရာထူးအရ ပေးအပ်သည့်တာဝန်ကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်နှင့်ဌာနအတွက် အားကိုးအားထားပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်း လင်းပြောကြားသည်။

အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံး () ရုံး၊ ဒေသစာရင်းစစ်ရုံး (၃၂) ရုံးတို့တွင်  သင်တန်း ကထိကများခန့်အပ်၍ တစ်ပြိုင်တည်းဖွင့်လှစ်ခြင်းဖြစ်ပြီး ဘာသာရပ်များအလိုက် Lesson End Test များကို Online System ဖြင့်ဖြေဆိုရမည်ဖြစ်သည်။ သင်တန်းကို သင်တန်းသား စုစုပေါင်း (၁၀၃) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ၂၀၂၄ ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁၁ ရက် အထိ ရက်သတ္တပတ် ()ပတ် ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်