ရာဘတ်၊ ဖေဖော်ဝါရီ  ၂၀

အတ္တလန္တိတ်ကမ်းရိုးတန်း၌ ဖေဖော်ဝါရီ ၁၈ ရက်က လှေတစ်စင်းပေါ်မှ ရွှေ့ပြောင်းနေထိုင်သူ ၁၄၁ ဦးကို မော်ရိုကိုရေတပ်မှ ကယ်ဆယ်ခဲ့ကြောင်း တရားဝင် သတင်းအေဂျင်စီ အမ်အေပီက ထုတ်ပြန်ထားသည်။

အမျိုးသမီးသုံးဦးနှင့် အရွယ်မရောက်သေးသူ နှစ်ဦးပါဝင်သည့် ရွှေ့ပြောင်းနေထိုင်သူများမှာ အာဖရိကနိုင်ငံ ဆာဟာရခွဲများမှဖြစ်ပြီး ရာသီဥတုအခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ၁၅ နာရီ ကြာမြင့်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

၎င်းတို့သည် ဖေဖော်ဝါရီ ၁၀ ရက်က မာရီတေးနီးယားကမ်းခြေမှ ထွက်ခွာလာခဲ့ပြီး အာဖရိက အနောက်မြောက်ပိုင်း စပိန်ကျွန်းစုတစ်ခုဖြစ်သည့် ကနေရီကျွန်းစုသို့သွားရန် ရည်ရွယ်ခဲ့ကြောင်းသိရသည်။ အဆိုပါလှေမှာ ဒက်ခ်လာ ဆိပ်ကမ်းမှ ၂၇၄ ကီလိုမီတာခန့်အကွာတွင် သောင်တင်ခဲ့ပြီး အချက်ပြခဲ့ရာ မော်ရိုကို အာဏာပိုင်များက ကြားဖြတ်တားဆီးခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်ကလည်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ ၈၇၀၀၀ ခန့်ကို မော်ရိုကိုတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ ၎င်းတို့ထဲမှအများစုမှာ အာဖရိက ဆာဟာရခွဲများမှဖြစ်ကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

ဆင်ဟွာ