ကိုလံဘို ဖေဖော်ဝါရီ   ၂၀

သီရိလင်္ကာနိုင်ငံ   ဥူးဗားပြည်နယ်ရှိ    ပရက်ဆာ အမျိုးသားကျောင်းမှ ကျောင်းသား ကျောင်းသူ ၇၃ ဦး နကျယ်ကောင် (wasp) ကိုက်ခံရမှုကြောင့် ဖေဖော် ဝါရီ ၂၀ ရက်တွင်  ဆေးရုံသို့   ပို့ဆောင်ခဲ့ရ ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ကျောင်းသား ကျောင်းသူများမှာ   ကျောင်းအားကစားကွင်း၌   ရှိနေခဲ့ကြ ကြောင်း  ပရက်ဆာရဲစခန်း တာဝန်ခံအရာရှိ ပီယာ ရာနာ အီကာနာယာကီက မီဒီယာသို့ ပြောသည်။ ကျောင်းသား ကျောင်းသူများကို ပရက်ဆာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၁၈ ဦးမှာ ဒေသစံတော် ချိန် ညနေ ၄ နာရီမတိုင်မီအထိ  ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင်  အဆိုပါဒေသ၌  နကျယ်ကောင်အကိုက်ခံရမှု  အဖြစ်များကြောင်း၊ ရဲတပ်ဖွဲ့အနေဖြင့် မကြာခဏဖြစ်ပွားလေ့ရှိသော ဒေသမှ နကျယ်ကောင်များကို ဖယ်ရှားရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆက်သွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီကာနာယာကီက ပြောသည်။   

ဆင်ဟွာ