ဟာရာရီ   ဖေဖော်ဝါရီ   ၂၀

ဇင်ဘာဘွေအစိုးရသည်  ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ အသက် ၁၀ နှစ်အောက် ကလေးငယ်  လေးသန်းခန့်ကို ရည်ရွယ်၍    နိုင်ငံတစ်ဝန်း   ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးလှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။ 

အသက် ၁၀ နှစ်အောက် ကလေးငယ်အားလုံးကို ပစ်မှတ်ထားကာ   ယခုပြုလုပ်သော   တစ်နိုင်ငံလုံး ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးလှုပ်ရှားမှုက ဗိုင်းရပ်စ်ကူးစက်မှုကို လျင်မြန်စွာဟန့်တားရန်နှင့် နောက်ထပ် ဖြစ်ပွားမှုကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် ကလေး စောင့်ရှောက်ရေးဝန်ကြီးဌာန က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောသည်။

ထို့အပြင် ကာကွယ်ဆေးတိုက်ကျွေးလှုပ်ရှားမှုသည်  နိုင်ငံအတွင်းရှိ    ကလေးငယ်များ၏  ကျန်းမာ ရေးကိုကာကွယ်ရန်  ဇင်ဘာဘွေအစိုးရ၏  မဆုတ်မနစ်သောကြိုးပမ်းအားထုတ်မှုကို  ပြသရာ ရောက်ကြောင်း  ကျန်းမာရေးနှင့် ကလေးစောင့်ရှောက်ရေးဝန်ကြီး ဒေါက်ကလပ်စ်မွမ်ဘီရှိုရာက ပြောသည်။

ပိုလီယိုဗိုင်းရပ်စ်အမျိုးအစား - ၂ (cVDPV2) ကို စစ်ဆေးတွေ့ရှိမှုက အလွန်စိုးရိမ်စရာဖြစ်သော်လည်း မြန်မြန်ဆန်ဆန်နှင့်    ထိထိရောက်ရောက်တုံ့ပြန်ဆောင်ရွက်နိုင်ရေး  ပြင်ဆင်နေကြောင်း    ၎င်းက ဆက်ပြောသည်။ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး လှုပ်ရှားမှုကို ဖေဖော်ဝါရီလနှင့် မတ်လတွင် နှစ်ကြိမ် ပြုလုပ်သွားရန် စီစဉ်ထားသည်။

ပထမအကြိမ် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်  ၁  ရက် အတွင်း   ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့်   ဒုတိယအကြိမ် ကာကွယ်ဆေးတိုက်ကျွေးလှုပ်ရှားမှုကို မတ် ၁၉ ရက်မှ ၂၉ ရက်အတွင်း   ပြုလုပ်သွားမည်ဖြစ်ကြောင်း မွမ်ဘီရှိုရာက ပြောသည်။                                                           

ဆင်ဟွာ