နေပြည်တော် ဖေဖော်ဝါရီ ၂၁
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ စီးပွားရေးဆိုင်ရာ အသိဉာဏ် ဗဟုသုတများ တိုးပွားစေရန်နှင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို နားလည်သိရှိစေရန် ရည်ရွယ်၍ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ဟောပြောပို့ချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပရာ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့် က အာဆီယံ၏ သမိုင်းကြောင်း၊ အာဆီယံစီး ပွားရေးအသိုက်အဝန်း - အေအီးစီ (၂၀၁၅)၏ သွင်ပြင်လက္ခဏာများ၊ အေအီးစီ ၂၀၁၅ လမ်းပြမြေပုံ၏ မဟာဗျူဟာ အစီ အစဉ်အရ အကောင်အထည်ဖော်မှုများ၊ မြန်မာနိုင်ငံ၏ အေအီးစီ ၂၀၁၅ ပြည့်မီအောင်မြင်ရေးအတွက် ဆောင်ရွက်ချက်များ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အေအီးစီ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သိကောင်း စရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်(စီမံ) ဒေါက်တာ နုနုလွင်က ဒေါက်တာမာလာမျိုးညွန့် ထံ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်