ကာဇန်၊ ဖေဖော်ဝါရီ ၂၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပခဲ့သည့် နိုင်ငံတကာ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်တက်ရောက်ခဲ့ကြောင်း အင်န်အိတ်ချ် ကေသတင်းတစ်ရပ်အရ သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၃ ရက်အထိ ကျင်းပမည့် အဆိုပါအားကစားပွဲကို လက်တွေ့မြေပြင်တွင် ကစားရသည့် အားကစားနည်းနှင့် esports ပေါင်းစပ်၍ ကျင်းပခြင်းဖြစ်သည်။ ၎င်းအားကစားပြိုင်ပွဲသို့ ဘီလာရုသမ္မတ အလက်ဇန်းဒါးလူကာရှန်ကို အပါအဝင် ကာဇက်စတန်၊ ဥဇဘက်ကစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့မှ သမ္မတများလည်း တက်ရောက်ခဲ့သည်။

ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် ထိပ်တန်းအားကစား အင်အားကြီးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း ၎င်း၏ မိန့်ခွန်းတွင် ပူတင်က ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်