ဗန်ကောက်၊ ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံသည် လျှပ်စစ်ထရပ်ကား၊ ဘတ်စ်ကားများနှင့် လျှပ်စစ်ကား ဘက်ထရီများ ထုတ်လုပ်မှုကိုမြှင့်တင်ရန် မက်လုံးပေးမည့် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမျိုးသားလျှပ်စစ်ယာဉ် မူဝါဒကော်မတီက ယမန်နေ့တွင် ပြောကြားသည်။

၎င်းကော်မတီသည် ကုန်တင်ကားကြီး များနှင့် ဘတ်စ်ကားများကို လျှပ်စစ်ကားများ အဖြစ် ပြောင်းလဲရန်နှင့် လျှပ်စစ်ကားဘက်ထရီ များကို ပြည်တွင်းတွင် ထုတ်လုပ်ရန်အတွက် ထောက်ပံ့ကြေးများကို အတည်ပြုခဲ့သည်။

ပြောကြား

ယခုအစီအစဉ်သည် လျှပ်စစ်ထရပ်ကားများနှင့် ဘတ်စ်ကားများကို တိုးမြှင့်အသုံးပြုရန်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် လေထုညစ်ညမ်းမှုကို လျှော့ချရန်နှင့် အသားတင်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအဆင့်သို့ ရောက်ရှိရေးဆောင်ရွက်နေသည့် လျှပ်စစ်ကား ကုမ္ပဏီများ၏ ခြေလှမ်းများကို ပံ့ပိုးကူညီရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံအမျိုးသားလျှပ်စစ်ယာဉ် မူဝါဒကော်မတီအတွင်းရေးမှူး Narit Therdsteer-asukdi က ပြောကြားသည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်ကားထုတ်လုပ်ရေးတွင် အရှေ့တောင်အာရှဒေသ၌ ထိပ်တန်း မော်တော်ယာဉ် ထုတ်လုပ်သည့် နိုင်ငံအဖြစ် ရပ်တည်နေသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ