ရန်ကုန် ဖေဖော်ဝါရီ ၂၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အရာထမ်း လောင်း(အထူး)သင်တန်း အမှတ်စဉ်(၁၁)၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၈)နာရီတွင် တက္ကသိုလ်စစ်ရေးပြကွင်း(၁)၌ ပြုလုပ်ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားရေး၊ စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့် က သင်တန်းသားများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်စတင်ထမ်းဆောင်ကြရမည်ဖြစ်၍ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏သစ္စာကို စောင့်သိရိုသေပြီး ဒို့တာဝန်အရေးသုံးပါးအတွက် ဦးတည်ကြိုးပမ်းကြစေလိုကြောင်း၊ နိုင်ငံတော်အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရသည့် စွမ်းဆောင်ရည်မြင့်မားသော ဝန်ထမ်းအဖွဲ့အစည်း ဖြစ်လာစေ ရန်အတွက် ယခုလိုလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည် ဖော်ဆောင်ပေးနိုင်သည့် ဝန်ထမ်း ကောင်းများဖြစ်အောင် ကြိုးစားကြရန်နှင့် လုပ်ငန်းခွင်သို့ ရောက်ရှိသည့်အခါ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့က ရတနာသိင်္ဃ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ်(၁၁)မှ သင်တန်းဆင်းပုဂ္ဂိုလ်များအား ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၁၁၆)ဦးတို့ တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်အထိ ရက်သတ္တ (၁၆)ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်