နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာ့ရိုးရာဓလေ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းတတ်စေရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးကူညီ ရိုင်းပင်းလို စိတ်များဖြစ်ပေါ်လာစေရန်နှင့် အဖွဲ့အစည်းစိတ်ဓာတ် ခိုင်မာအားကောင်းစေ ရန်ရည်ရွယ်၍ စွမ်းအင်ဝန်ကြီးဌာန၏ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာစုပေါင်း ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနစုပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် နှင့် တာဝန်ရှိသူများသည် ဝန်ကြီးဌာနကြီး ကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ပြိုင်ပွဲဝင်အသင်း(၅)သင်း၏ မြန်မာ့ရိုးရာ အစဉ်အလာများနှင့်အညီ ရိုးရာထမနဲထိုးယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်သည်။
မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန၊ လုပ်ငန်းများမှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်