နေပြည်တော် ဖေဖော်ဝါရီ ၂၃
တပို့တွဲလပြည့်နေ့တွင် မြတ်စွာဘုရားနှင့် သံဃာတော်များအားရည်စူး၍ ထမနဲ ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်နိုင်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကောင်းများကို ထိန်းသိမ်းရန်၊ မိတ်ဆွေသင်္ဂဟများကို ဝေငှကျွေးမွေးနိုင်ရန်နှင့် ဝန်ထမ်းမိသားစုများအားလုံး စည်းစည်းလုံးလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်နိုင်ရန် ရည်ရွယ်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ထမနဲထိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ ပါဝင်ဆင်နွှဲခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်