နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ်(၅၅)၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာ လင်းအောင်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ထမနဲထိုးပြိုင်ပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ ဌာနများမှ ပြိုင်ပွဲဝင်အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဝန်ထမ်းများက အိုးစည်ဒိုးပတ်များဖြင့် ပျော်ရွှင်စွာအားပေးကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမဆုရရှိသည့် ငွေကြေးစီမံခန့်ခွဲမှုဌာနအသင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဘဏ်တွင်းစာရင်းစစ်ဌာနအသင်းကို ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်ကလည်းကောင်း၊ တတိယဆုရရှိသည့် ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာန အသင်းကို ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကလည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသည့်အသင်း များကို အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လည်းကောင်း ဆုများပေးအပ် ချီးမြှင့်ကြသည်။
သတင်းစဉ်