နေပြည်တော် ဖေဖော်ဝါရီ ၂၃

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ  စုံညီစွာတက်ရောက်ကြပြီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း (ဂျင်း)တို့ကို စီမံပြုလုပ်ရပြီး စုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသော မြန်မာ့ရိုး ရာအစားအစာတစ်မျိုးဖြစ်ကြောင်း၊ ထမနဲထိုးပြိုင်ပွဲမှတဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ် မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ ဝန်ကြီးဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိ လူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ်လာအောင် မွေး မြူကြရန် တိုက်တွန်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကြောင်းကြေညာပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အသင်း(၃)သင်း၏ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမ ဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံးအသင်းကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆု ရရှိသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနအသင်းကို လည်းကောင်း၊  အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနအသင်းကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်