ရန်ကုန် ဖေဖော်ဝါရီ ၂၃
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့်(၁၆)ကြိမ် မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရွှေတိဂုံ စေတီတော် အရှေ့ဘက်အောက်ပစ္စယာရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ် ကျေးမှု၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့ ၀င်များ၊ ပညာရှင်များနှင့် အကဲဖြတ်အမှတ်ပေး ဒိုင်လူကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဂေါပကရုံး၀န်ထမ်းများ၊ ပြိုင်ပွဲ၀င်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့်ထမနဲလှူဒါန်းပွဲတော်ကျင်း ပရေးဗဟိုကော်မတီဥက္ကဌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးထိန်၀င်း က အဖွင့်မင်္ဂလာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဦးအေးထွန်း၊ မြန်မာ့ရိုးရာ ထမနဲလှူဒါန်းပွဲတော်ကျင်ပရေး ဗဟိုကော်မတီဥက္ကဌ ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ အလှည်ကျသဘာပတိ ဦးထိန်၀င်းနှင့် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဂေါပကအဖွဲ့၀င်ဦးမင်းလွင် တို့က ထမနဲထိုးပြိုင်ပွဲကို ရွှေဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယ၀န်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီး၀န်ကြီးများ၊ ဂေါပကအဖွဲ့၀င်များနှင့် တာ၀န်ရှိသူများသည် ပြိုင်ပွဲ၀င်အသင်း များ၏ ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည်ရူ့အားပေးကြသည်။
ယနေ့ ထမနဲထိုးပြိုင်ပွဲတွင် ရွှေတိဂုံစေတီတော်ဗုဒ္ဓဝေယျာ၀စ္စအသင်းများ၊ အခွန်ထမ်း များ၊ မိတ်ဖက်အသင်းများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံးဌာနများ အပါအ၀င် ပြိုင်ပွဲ ၀င်အသင်းပေါင်း ၂၈ သင်း ပါ၀င်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္တ၊ ပဥ္စမဆုနှင့် နှစ်သိမ့်ဆုရရှိကြသူများကို ဂေါပကအဖွဲ့၀င်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့အတူ မဟာ၀ိဇယစေတီတော်၏ ၃၇ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ (၄)နာရီခွဲတွင် အဆိုပါစေတီတော် ပရဝုဏ်အတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီးနှင့် မဟာဝိဇယစေတီတော်အလှည့်ကျ သဘာပတိဂေါပကအဖွဲ့၀င် တို့က (၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ကြပြီး မဟာဝိဇယစေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ပန်း၊ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများသည် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲ၀င်အသင်းများ၏ ယှဉ်ပြိုင်နေမှုကို ကြည်ရူ့အားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများကို ဂေါပကအဖွဲ့များနှင့် တာ၀န်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်း-ဓာတ်ပုံ ဇော်မင်းလတ်(သတင်းစဉ်)