မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း လေ့ကျင့်ဆောင်ရွက်  

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် ပညာသင်ကြားလျှက်ရှိသော အရာရှိလောင်းဒီပလိုမာသင်တန်း အမှတ်စဉ်(၁၅)မှ ဒုတိယနှစ် ရေကြောင်းအရာရှိလောင်း(၉၀)နှင့် ဒုတိယနှစ်ရေကြောင်း အင်ဂျင်နီယာ အရာရှိလောင်း(၈၀)၊ ဒုတိယနှစ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်း(၉)ဦး၊ အရာရှိလောင်းဒီ ပလိုမာသင်တန်းအမှတ်စဉ်(၁၆)မှ ပထမနှစ်ရေကြောင်းအရာရှိလောင်း(၁၂၁)ဦးနှင့် ပထမနှစ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်း(၁၂၃)ဦး၊ ပထမနှစ်ရေကြောင်းလျှပ်စစ်နည်းပညာ အရာရှိ လောင်း (၃၈)ဦး၊ စုစုပေါင်းအရာရှိလောင်း (၄၆၁)ဦးနှင့် နည်းပြများ၊ အုပ်ချုပ်မှုအဖွဲ့ဝင် (၂၀) တို့ သည် တပ်မတော်စစ်ရေယာဉ် (ချင်းတွင်း)ဖြင့် ရန်ကုန်-ကို့ကိုးကျွန်း-ဟိုင်းကြီးကျွန်း-ရန်ကုန် ခရီးစဉ် အတိုင်း ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ (၆)ရက်တာ ကာလအတွင်းတွင် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း(၁/၂၀၂၄)ကို လေ့ကျင့်ဆောင်ရွက်ကြမည်ဖြစ်သည်။

အဆိုပါ ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် ၌  ခေတ်မီ Simulator များဖြင့် စာတွေ့သင်ကြားပြီးဖြစ်သော  ရေကြောင်းဘက်ဆိုင်ရာ သွားလာမှု ဘာသာရပ်များ(Navigation)၊ ရေယာဉ်ကိုင်တွယ်ထိန်းသိမ်းရေး ဘာသာရပ်များ(Ship Handling)၊ မိုးလေဝသဘာသာရပ်များ(Meotrology)အပြင် ကြယ်၊ နက္ခတ်တာရာ ကြည့်ရူပြီး ရေယာဉ် တည်နေ ရာရှာဖွေခြင်းနှင့် လမ်းကြောင်းရွေးချယ်ခြင်း(Position Finding and Passage Planning) ဘာသာရပ်များ၊ ရေကြောင်းအင်ဂျင်နှင့်လျှပ်စစ်နည်းပညာပိုင်းဆိုင်ရာ အသိပညာ၊ အတက်ပညာ ဘာသာရပ်များ၊ ရေယာဉ်တည်ဆောက်ရေးဆိုင်ရာ ဘာသာရပ်များနှင့် ပင်လယ်ပြင်တွင် တွေ့ကြုံနိုင်သော အခက်အခဲများအပေါ် ဘေးကင်းလုံခြုံရေး(Safety)ဘာသာရပ်များကို လက်တွေ့ လေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းတွင် စာတွေ့သင်ကြားပြီးဖြစ်သော ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်အတွက် ကြိုတင်လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ကျောင်းဆင်းပြီးပါက  ကြုံ တွေ့ရမည့် လုပ်ငန်းခွင်၌   အခက်အခဲမရှိ အောင်မြင်စွာ ကျော်လွှားနိုင်မည်ဖြစ်ကာ ပင်လယ်ပြင်၏ သဘောသဘာဝနှင့် ကြုံတွေ့မှုအပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုခံနိုင်ရည် မြင့်မားလာ စေ နိုင်မည့် အားသာချက်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် နိုင်ငံတကာသင်္ဘောကြီးများ၌ အမြင့်ဆုံးရေယာဉ်မှူးကြီးရာထူး၊ ရေကြောင်းအင်ဂျင်နီယာမှူးကြီးများနှင့် ရေကြောင်း ဘက်ဆိုင်ရာ ကျွမ်းကျင်သူများအဖြစ် ကမ္ဘာအနှံ့အပြားသွားလာနေသည့် နိုင်ငံတကာပိုင် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်နိုင်စွမ်းရှိသည့် စီမံခန့်ခွဲမှု မြင့်မားသော သင်္ဘောအရာရှိများအဖြစ်  လူစွမ်းအားအရင်းအမြစ်များအား လေ့ကျင့်ပျိုးထောင်ပေးလျှက်ရှိသည်။

ကောလိပ်အနေဖြင့်  ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်မှုအတတ်ပညာ၊ အရည်အသွေး အာမခံရှိမှုအပေါ် ရလဒ်အကျိုးဖြစ်ထွန်းမှုကို ၁၉၆၃ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း (၆၀)ကျော် ကာလရှည်ကြာစွာ ဦးတည်မျှော်မှန်း မွေးထုတ်ပေးလျက်ရှိသည်။

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကြောင့် ပင်လယ်ပြင်တာဝန် ထမ်း ဆောင်စဉ် ကျောင်းဆင်းအရာရှိလောင်းများအားလုံး နှစ်စဉ်ရာနှုန်းပြည့် အလုပ်အကိုင် အခွင့် အလမ်းများရရှိစေခြင်း၊ ကျောင်းဆင်းရေကြောင်းအရာရှိလောင်းများအနေဖြင့် ရေယာဉ်များ ပေါ်တွင် (၁၈)လနှင့် အင်ဂျင်နီယာအရာရှိလောင်းများအနေဖြင့် (၉)လ တာဝန်ထမ်းဆောင်ပြီး တတိယတန်း အရာရှိများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်များ ရရှိမည်ဖြစ်ကြောင်းနှင့် ကျောင်းဆင်းပြီး (၁၀)နှစ်တာကာလအတွင်း အမြင့်ဆုံးရာထူးဖြစ်သော ရေယာဉ်မှူးကြီးများ၊ အင်ဂျင်နီယာမှူးကြီး များအဖြစ် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဆက်လက်ရရှိစေနိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်