နေပြည်တော် ဖေဖော်ဝါရီ ၂၄

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင် များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန်အတွင်း သာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ မင်္ဂလာကန်အမှတ်(၃)အတွင်း သဲနုန်းများပို့ချမှုကြောင့် တိမ်ကောလာသည့်အတွက် Amphibious၊ Excavator နှင့် နုန်းစုပ်စက်များအသုံးပြု၍ နုန်းတူးဖော်ဆယ် ယူခြင်းနှင့် ရေမှော်များ ဆယ်ယူစွန့်ပစ်ခြင်းလုပ်ငန်း  ဆောင်ရွက်နေသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင် ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၈၁၇)တွင် တောင်သူ ဦးအောင်ဘို ၏ ဆင်းရွှေကြာ-၂ နေကြာမျိုး စိုက်ခင်း ၁၅ ဧက၌ နေကြာသီးနှံတွင် အစေ့အဆံပိုမိုအောင်မြင် ဖြစ်ထွန်းရန် ဖြည့်စွက်ဝတ်မှုန် ကူးခြင်း သရုပ်ပြခြင်းအခမ်းအနားသို့ တက်ရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးအပါ အဝင် သီးနှံမျိုးစုံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးကြရမည်ဖြစ် ကြောင်း၊ လယ်ယာမြေအားလုံး မြေလပ်မကျန် သုံးသီးစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် ဌာနဆိုင်ရာ များက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားကာ တောင်သူများကို GW-11 မျိုးစပါးများနှင့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ က သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးပြီး တောင်သူ ဦးအောင်ဘို ၏ ဆင်းရွှေကြာ-၂ နေကြာမျိုး စိုက်ခင်း ၁၅ ဧက၌ နေကြာသီးနှံတွင် အစေ့အဆံပိုမိုအောင်မြင် ဖြစ်ထွန်းရန် ဖြည့်စွက်ဝတ်မှုန်ကူးမှု သရုပ်ပြသခြင်းကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်ရှိ Winnter Win Coffee စက်ရုံသို့ ရောက်ရှိပြီး စက်ရုံလည်ပတ် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ် စား စက်မှုဇုန်အတွင်းရှိ နှင်းရာဇာ သောက်ရေသန့်စက်ရုံသို့ရောက်ရှိပြီး စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးက စက်မှုဇုန်ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ လုပ်ငန်းရှင်များက ကုန်ထုတ်လုပ်မှု အခြေအနေများနှင့် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးကို အခြေခံပြီး ထွက်ရှိသည့်ကုန်ကြမ်းများကို တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်ရေး၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နှင်းရာဇာ သောက်ရေသန့်စက်ရုံဝင်းအတွင်း ဒက္ခိဏသီရိအသေးစား၊ အလတ် စားစက်မှုဇုန်မှ ထွက်ရှိသည့် အသေးစား ဆန်ကြိတ်စက်၊ လုပ်ငန်းသုံးစက်ပစ္စည်းများ၊ လယ်ယာသုံး စက်ကိရိယာများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဒက္ခိဏသီရိ အသေးစား၊ အလတ် စား စက်မှုဇုန်အတွင်းရှိ P.P.E.G Construction Co.,Ltd မှ လယ်ယာသုံး စက်ကိရိယာများ ထုတ်လုပ်တပ်ဆင်နေမှုအခြေအနေများကိုလည်းကောင်း၊ Khaing Naypyitaw Recycle Co.,Ltd မှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိ အသေးစား၊ အလတ်စား စက်မှုဇုန်အတွင်းရှိ မိုးဝေလမ်းနှင့် မိုးသောက်ပန်းလမ်းထောင့်တွင် ကျောက်စီ ရေမြောင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်