နေပြည်တော် ဖေဖော်ဝါရီ ၂၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ SKY EXPO ဗီယက် နမ် နိုင်ငံတကာပြပွဲဗဟိုဌာန၌  ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပပြု လုပ်မည့် (၁၅)ကြိမ်မြောက် ဗီယက်နမ်နိုင်ငံတကာပရိဘောဂနှင့် အိမ်အသုံးအဆောင် ပစ္စည်းများ ပြပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာကြရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါပြပွဲသည် နိုင်ငံတကာမှ ပရိဘောဂပစ္စည်းများနှင့် အိမ်အလှဆင်ပစ္စည်းများ ထုတ်လုပ်သူ၊ ရောင်းချသူ၊ ဝယ်ယူသူအစရှိသည့် စီးပွားရေးလုပ်ငန်းရှင်များအကြား ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း၊ စီးပွာ‌ရေးလုပ်ငန်းရှင်များအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိကာ မြန်မာ့ပရိဘောဂထုတ်ကုန် ပစ္စည်းများကို နိုင်ငံတကာဈေးကွက်သို့ ပိုမိုချဲ့ထွင်တင်ပို့နိုင်ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးမြှင့် နိုင်မည်ဖြစ်သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုန်စည်ပြပွဲသို့တက်ရောက်ပြီး ဗီယက်နမ်နိုင်ငံရှိ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့မှု အခြေအနေများကို လေ့လာကာ စိုက်ပျိုးထုတ်လုပ်မှု နည်းပညာဆိုင်ရာ ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်သည်။

ဒုတိယဝန်ကြီး ဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့တွင်  မြန်မာကုန်သွယ်မှုမြှင့် တင်ရေးအဖွဲ့ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်း ရွက်စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအုန်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်လုပ်ငန်းရှင်များ လိုက်ပါသွားကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်