ရန်ကုန် ဖေဖော်ဝါရီ ၂၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမဆောင် ဆောက်လုပ်ရန် ပန္နက်တော်တင်တွင်း တော်ဝန်းမဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် စာသင်ဆောင် ဝန်းအတွင်းရှိ မြေမြတ်နေရာမွန်၌ ကျင်းပသည်။
ဦးစွာ ဧည့်ပရိသတ်များက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ ်ချည်၊ ပရိတ်သဲများနှင့် ပန္နက်တော်တင် တွင်းတော်ဝန်း ပစ္စည်းများအား သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကာ ဆရာတော် သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုသည်။
ထို့နောက် ဆရာတော် သံဃာတော်များအား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယအဓိပတိ သန်လျင် မင်းကျောင်းဆရာ တော်ကြီးထံမှ အနုမောဒနာတရာနားကြား၍ ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒက ရေစက်သွန်းချ အမျှပေးဝေ ချီးမြှင့်တော်မူသည်။
ယင်းနောက် မင်္ဂလာအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ အစီအစဉ်အတိုင်း ပန္နက်တော်များတင်ကြပြီး ပန္နက်တော်များအား ရွှေရည်၊ ငွေရည်၊ နဝရတ်ရတနာရည်နှင့် အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ကြသည်။
အခမ်းအနားအပြီးတွင် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးပြီး ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်