​ကျောက်ဆည် ဖေဖော်ဝါရီ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ ပြည်သူ့စစ်ဥပဒေနှင့်ပတ်သတ်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

 

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးမျိုးသွင်နှင့် မြို့နယ်ဥပဒေအရာရှိ ဦးဇော်မင်းနိုင် တို့က စစ်မှုထမ်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးပွဲသို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် ဌာနမှူးများ၊ ဘာသာရပ်သင် ဆရာ ဆရာမများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကာ ဆွေးနွေးပွဲအပြီးတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)