၂၅ ဖေဖော်ဝါရီ

 

အီရန်နိုင်ငံက ဆီးရီးယားတွင် အိမ်ခန်းပေါင်း ၂၀ဝ၀ဝ၀ တည်ဆောက်မည်ဟု ဆောက်လုပ်ရေးအရာရှိတစ်ဦးကို ကိုးကား၍ တန်နစ်သတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြထားသည်။

 

ေ

 

အီရန်နှင့် ဆီးရီးယားသည် မကြာသေးမီက အရပ်ဖက်ဆောက်လုပ်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး ဆိုင်ရာစီမံကိန်းများနှင့်ပတ်သက်၍ သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ကြောင်း တီဟီရန်ပြည်နယ်၊ ဆောက်လုပ်ရေးအဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ အိုင်ရတ်ရာဘာက ပြောကြားသည်။

 

သဘောတူညီချက်များအရ အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ၌ အဓိကအားဖြင့် မြို့တော် ဒမတ်စကတ်တွင် လူနေအိမ်ပေါင်း ၂၀ဝ၀ဝဝကို တည်ဆောက်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

 

ဆီးရီးယားအာဏာပိုင်များက အီရန်နိုင်ငံကို ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ်မှတ်ယူခဲ့သည်ဟု ရာဘာက ပြောကြားသည်။

 

ေ

 

ပြီးခဲ့သည်လက အီရန်ဒုတိယသမ္မတ Eshaq Jahangiri သည် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင် ကာ ဆီးရီးယားနိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက် ၁၁ စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်