၂၆ ဖေဖော်ဝါရီ

 

Games of The Future 2024 ၏ MLBB Day 1 ပြိုင်ပွဲကြီးကို ရုရှားနိုင်ငံ ကာဇန်မြို့တွင် ယနေ့  ဖေဖော်ဝါရီ ၂၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၂၀ (မြန်မာစံတော်ချိန် ၄နာရီဝန်းကျင်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ  အသင်း ၁၆ သင်းက ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး မြန်မာနိုင်ငံမှ Burmese Ghouls ကလည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကို အုပ်စု လေးစုခွဲ၍ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေနှင့် ရုရှားနိုင်ငံကိုယ်စားပြု Deus Vult အသင်း၊ အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု RRQ Hoshi အသင်းနှင့် မွန်ဂိုလီးယားနိုင်ငံကိုယ်စားပြု Team Lilgun တို့နှင့် အုပ်စုတစ်ခုတည်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

 

ယနေ့ညနေ Day 1 တွင် မြန်မာကိုယ်စားပြု Burmese Ghouls နှင့် အိမ်ရှင်အသင်း Deus Vult တို့က ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အသင်းများအားလုံး၏ Day 1 ကြိုးစားယှဉ်ပြိုင်မှုများကို မကြာမီတွေ့မြင်ကြရမည်ဖြစ်သည်။ မြန်မာနိုင်င်ငံကိုယ်စားပြု Burmese Ghouls အသင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ အားကစားသမားများ ခေါ်ယူထားသည့်အတွက် Day 1 အောင်မြင်မှုများကို မည်သို့မည်ပုံရယူမည်ကို စောင့်မျှော်အားပေးကြရမည်ဖြစ်ကြောင်း သတင်းပါးလိုက်ပါသည်။ 

 

credit- Burmese Ghouls