ကာဇန်၊ ဖေဖော်ဝါရီ ၂၇
ရုရှားနိုင်ငံ၊ Kazan မြို့တွင် ၂၁-၂-၂၀၂၄ မှ ၃-၃-၂၀၂၄ အထိ “Game of the future” ခေါင်းစဉ်ဖြင့် နိုင်ငံတကာ Game ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ Group Stage အဆင့်များကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ လူသိများသော “Burmese Ghouls” Mobile Legends အသင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Group Stage အဆင့်မှာပင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မလေးရှား၊ မိုဂိုလီးယား၊ မြန်မာ၊ ရုရှား၊ ဆောဒီအာရေးဗျ၊ စင်ကာပူ နှင့် တူကီယဲလ် နိုင်ငံများမှ အသင်းပေါင်း ၁၆ သင်းပါဝင်ခဲ့ရာ အုပ်စုလေးစုခွဲပြီး ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု A တွင် ရုရှားအသင်း DeusVult နှင့် ရင်ဆိုင်ခဲ့ရပြီး ၂-၀ ရမှတ်အကွာဖြင့် ရှုံးနိမ့်ခဲ့သည်။ ရှုံးနိမ့်သွားတဲ့ Burmese Ghouls အသင်းအနေနဲ့ နောက်ထပ် ပွဲစဉ်တစ်ခုကို ယှဉ်ပြိုင်ဖို့ ရှိနေသေးပြီး အဆိုပါပွဲစဉ်မှာ အနိုင်ရရှိခဲ့ရင် Group Stage အဆင့်ရဲ့ No.3 နေရာကို ရရှိနိုင်မယ့် အခွင့်အရေးဖြစ်သလို ထပ်မံရှုံးနိမ့်ခဲပါက ပြိုင်ပွဲမှ ထွက်ခွာရမည်ဖြစ်သည်။
MDN