နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

 

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးပြည်နယ်ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက  Onlilne ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှုထမ်းများအနေဖြင့် ပို့ချမည့်ဘာသာရပ်များကို ကောင်းမွန်စွာလေ့လာ မှတ်သား ပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်နေကြသူ များဖြစ်ကြောင်း၊ အစိုးရနှင့်ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန် သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန် ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ကို ကောင်းစွာသိရှိနားလည်ပြီး ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမ္မာဓိ ရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်း များအတွက် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်း များဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့်ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည် မြင့်မားမှုကိုပေါင်းစပ်ပြီး တက်တက်ကြွကြွ ကြိုးစား ဆောင်ရွက်ကြရန် အထူးတိုက်တွန်း ကြောင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ(၅၈)ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)