ရန်ကုန် ဖေဖော်ဝါရီ ၂၇
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ၅ ရပ်ကွက်၊ မြင်တော်သာလမ်းရှိ သာကေတမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြို့နယ်သန့်ရှင်း သာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယမြို့တော်ဝန်သည် ၃ ရပ်ကွက်၊ မာန်ပြေ ၁၃ လမ်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ၇ အရှေ့ရပ်ကွက် အတွင်းရှုခင်းသာလမ်း၊ အထူးကု ဆေးရုံ(သာကေတ)ရှေ့ မြောင်းဖုံးပါ အုတ်ရေမြောင်းနှင့် Box Culvert တည်ဆောက်နေမှု၊ ရန်ပြေရပ်ကွက် ယမုံနာလမ်းနှင့် မင်းနန္ဒာလမ်းထောင့်ရှိ ရန်အောင်မင်္ဂလာ ကန်ဘေးသာကေတအမှတ်(၁) ရေပေးဝေရေးစခန်း၌ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များသို့ ရေဖြည့်ဝေပေးရန် ဂါလံ(၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှစ်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောက်ပြီးစီးနေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)