ရန်ကုန် ဖေဖော်ဝါရီ ၂၉

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ခန်းမကြီး၌ ကျင်းပသည်။

 

ဆွေးနွေးဟောပြောပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင် အဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။

 

ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက လူ့အခွင့်အရေးဆိုင်ရာ အကြောင်း အရာများနှင့် ကျန်းမာရေး စောင့်ရှောက်မှုအခွင့်အရေးဆိုင်ရာ အကြောင်းအရာဆိုင်ရာ ဘာသာရပ်များကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)