နေပြည်တော် မတ် ၁

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ ရုံးလုပ်ငန်း တာဝန်များကို စနစ်တကျသိရှိထမ်းဆောင်နိုင်စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင်ရည် များတိုးမြင့်လာ စေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသည့် ဌာနတွင်းရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း ဆင်းပွဲ အခမ်းနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ သင်တန်းသား၊ သင်တန်းသူများက Hybrid စနစ်ဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ သင်တန်းသား၊ သင်တန်းသူ အမှုထမ်းငယ်များအနေနှင့် မိမိတို့လေ့လာ သင်ယူခဲ့သော ပညာရပ် များကို လက်တွေ့လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် အသုံးချသွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်မြင့်မားရေးအတွက် ဝန်ကြီးဌာနမှ သင်တန်းများ ဖွင့်လှစ်ပေးနေရုံသာမက ပြည်တွင်း၊ ပြည်ပသင်တန်းများသို့လည်း စေလွှတ်တက်ရောက်လျက်ရှိကြောင်း၊ အမှုထမ်းငယ် ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အရည်အသွေးများ အမြဲတိုးတက်နေစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်နှင့် နိုင်ငံ့၀န်ထမ်းကောင်းများဖြစ်လာစေရန် ခံယူချက်ထား၍ ကြိုးစားလုပ်ကိုင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 

အဆိုပါ “ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း”ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား သင်တန်းသူ  (၁၄၁) ဦးတက်ရောက်ကြသည်။

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ကြီးဌာန ရုံးအဆောက် အဦပရဝဏ်အတွင်း အပြင် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဝန်ထမ်းများ စုပေါင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)