မန္တလေး ၂၅ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီးအတွင်း ယခုနှစ် ဘတ်ဂျက်ကာလအစ အောက်တိုဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ လိုင်စင်မဲ့ ယစ်မျိုးဖမ်းဆီးရမိမှု (၈၈) မှု ရှိကြောင်း သိရသည်။
၂၀၁၇ - ၂၀၁၈ ဘတ်ဂျက်ကာလတွင် ကွင်းဆင်းစစ်ဆေးမှု (၁၄၄၄) ခု စစ်ဆေးခဲ့ပြီး ဖမ်းဆီးအရေးယူမှု (၁၅၄) မှုရှိခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်ကာလတွင် ကွင်းဆင်းစစ်ဆေးမှု (၇၂၆) မှု ပြုလုပ်ခဲ့ပြီး (၁၇၄) မှုရှိခဲ့သည်။
" လိုင်စင်မဲ့ ယစ်မျိုးဖမ်းဆီး အရေးယူဖို့ သက်ဆိုင်ရာက ရှောင်တခင်စစ်ဆေးရာမှာ (၄၈၄) မှု စစ်ဆေး နိုင်ခဲ့ပြီး (၈၈) မှု ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် " ဟု မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ပြောသည်။
မန္တလေးတိုင်းအတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ယစ်မျိုးလိုင်စင် အမျိုးအစား ၂၃ မျိုးနှင့် အရေအတွက်မှာ ၅၈၈၉ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ယစ်မျိုးခွန် ၇.၉ ဘီလီယံ ရရှိရန် လျာထားသဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်ထက် ၃.၂ ဘီလီယံ တိုးမြင့် ရရှိမည်ဟု မျှော်မှန်းထား ကြောင်းသိရသည်။
၂၀ဝ၄ ခုနှစ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယစ်မျိုးခွန်ရရှိငွေ ၅ ဘီလီယံ လျာထားပြီး မန္တလေးတိုင်း မှ ယစ်မျိုးခွန် တစ်ဘီလီယံကျပ် ရရှိကြောင်း သိရသည်။ ယစ်မျိုးခွန် နှုန်းထားများကို ၂၀ဝ၄ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ခဲ့ပြီး ထပ်မံတိုးမြှင့်ကောက်ခံနိုင်ရန် ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေ၂၀၁၂ ကို အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။
အခွန်နှုန်းထား တိုးမြှင့်မည် လိုင်စင်အမျိုးအစားများမှာ B-1 လိုင်စင် ၄ ခု ၊ CFL-2A လိုင်စင် ၁၄၁ ခု ၊ CS-2A လိုင်စင် ၂၆၆၁ ခု ၊ D-1 လိုင်စင် ၇ ခု ၊ D-1A လိုင်စင် ၄၈ ခု ၊ D-2 လိုင်စင် ၅ ခု ၊ FL-4 လိုင်စင် ၂ ခု ၊ FL-5 လိုင်စင် တစ်ခု ၊ FL-6 လိုင်စင် ၅၈ ခု ၊ FL-8 လိုင်စင် ၂၆ ခု ၊ FL-9 လိုင်စင် ၁၁၃၅ ခု ၊ FL-12လိုင်စင် ၈၁၀ ခု ၊ FL-17 လိုင်စင် ၈၂၈ ခုတို့ကို အခွန်နှုန်းထားတိုးမြှင့်ခြင်း ၊ FL - 15 လိုင်စင် ၂ ခုကို မြို့နယ်ခွဲခြား၍ အခွန်နှုန်းထား သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
သူရိန်လင်း