ကလော    မတ်  ၂

    

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း ၁/၂၀၂၄ ဖွင့်ပွဲကို မတ် ၁ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က အခြေခံလူတန်းစားများ အသက်မွေးဝမ်းကြောင်းတွင် တစ်ဘက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်စေရန်နှင့် ယနေ့ခေတ် လူငယ်လူရွယ်များ အသိပညာများအပြင် အတက်ပညာကိုပါ လက်တွေ့ကျကျ အသုံးချတက်မှသာလျှင် မိမိတို့ဘဝရပ်တည်ချက် ခိုင်မာလာစေရန်၊ ပတ်ဝန်းကျင်အတွင်း လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် စသည်အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းကို ကလောမြို့ပေါ်ရှိ သင်တန်းသား သင်တန်းသူ ၁၀ ဦးအား မတ်  ၁ ရက်နေ့မှ ဧပြီ ၅ ရက်နေ့အထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)