နေပြည်တော် မတ် ၂
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဥပဒေချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ စုံညီစွာ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဌာနတွင်းရှိ ဝန်ထမ်းများ၏ အခက်အခဲပြဿနာများအား တတ်နိုင်သမျှ သိရှိဖြေရှင်း ပေးရေး ကြိုးစားဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိ အမြဲရှိကြရန်၊ အစိုးရလျှို့ဝှက်စာများ မပေါက် ကြားစေရေး၊ ထက်အောက် ရင်းနှီးချစ်ခင်စွာ ဆက်ဆံရေးတို့ကို အလေးဂရုပြု ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနကို အဘက်ဘက်က တိုးတက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံတကာဥပဒေရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်။
ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ညွှန်ကြားချက် (၁/၉၀)ကို ခေတ်နှင့်အညီ ပြင်ဆင်ရေးဆွဲလျက်ရှိရာ မကြာမီညွှန်ကြားချက် ထုတ်ပြန်ဖြန့်ဝေမည်ဖြစ်ပြီး ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်သည့်အခါ ညွှန်ကြားချက် အသစ်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနမှ အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိသော MLIS ကို ၂၀၁၈ ခုနှစ် မေ ၂၄ ရက်တွင် စတင်ထုတ်လွှင့်ခဲ့ရာ မေလပိုင်းတွင် ၅ နှစ်ကာလ ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ MLIS တွင် တိုင်းဒေသကြီး၊ ပြည်နယ်များကပြဌာန်းသောဥပဒေများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေချုပ်ရုံးများက ဥပဒေများပေးပို့ကြရန် လိုအပ်ပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာန၊ မဟာဗျုဟာစီမံကိန်း (၂၀၂၀-၂၀၂၄)ကို “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု” ဟူသည့် ဆောင်ပုဒ်ချမှတ်ပြီး ငါးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်တွင် စီမံကိန်းကာလ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယခုမဟာဗျုဟာ စီမံကိန်းပြီးစီးပါက မဟာဗျုဟာစီမံကိန်းအသစ် ကိုလည်း ငါးနှစ်စီမံကိန်း ဖြင့် ၂၀၂၅ မှ ၂၀၂၉ ခုနှစ် အထိ သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိပါ ကြောင်း၊ ဥပဒေအရာရှိများ အကျင့်သိက္ခာနှင့် ပြည့်စုံပြီး အများပြည်သူက ယုံကြည်အားကိုးရသော ဥပဒေအရာရှိကောင်းများ ဖြစ်စေရေးအတွက် ကျင့်ဝတ်စောင့်ထိန်း လိုက်နာကြရန် အထူးအရေးကြီးပါကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU)ကို ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်း၍ CPU ၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာ ဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ တည်မြဲလုပ်ထုံးလုပ်နည်း (SOP)ကို ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ CPU အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် (Terms Of Reference-TOR)ကို ထုတ်ပြန်နိုင်ရေး ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေရေးရာကိစ္စရပ်များ၊ ဥပဒေသတင်းအချက် အလက်များကို ဥပဒေပညာစိတ်ပါဝင်စားသူများမှ အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ အပတ်စဉ်သတင်းလွှာ (Weekly news)ကို သောကြာနေ့တိုင်း ထုတ်ဝေလျက်ရှိပြီး ဝန်ကြီးဌာန website တွင်လည်း အများပြည်သူ ဖတ်ရှုနိုင်ရန် လွှင့်တင်ထားပါကြောင်း၊
တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများက မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အကောင် အထည်ဖော်သည့် ဥပဒေ(မူကြမ်း)များကို စိစစ်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရားစွဲမတင်မီ ဥပဒေအကြံဉာဏ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို တိကျစွာ ဂရုပြု လိုက်နာဆောင်ရွက်ရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီရုံးမှ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေရုံးချုပ်များကို အကြောင်းကြားပြီး ဖြစ်ပါကြောင်း၊ ဥပဒေ အသိပညာပြန့်ပွားရေးလုပ်ငန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန် ချက်အရ ဥပဒေရေးရာဝန်ကြီးဌာနက အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့်အတွက် ဥပဒေချုပ်ရုံးများ အနေဖြင့်လည်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်း မှာကြားခဲ့သည်။
သတင်းစဉ်