၂၅ ဖေဖော်ဝါရီ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ၊ ရွန်ဂျန် ခရိုင်တွင် ယနေ့ နေ့လည် ၁ နာရီ ၁၅ မိနစ်က ပြင်းအား ၄ ဒသမ ၉ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း တရုတ်ငလျင်တိုင်းတာရေးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၉ ဒသမ ၄၈ ဒီဂရီ နှင့် အရှေ့လောင်ဂျီတွဒ်၁၀၄.၄၉ ဒီဂရီ တွင်ရှိပြီး ၅ ကီလိုမီတာ အနက်ရှိကြောင်း အဆိုပါ ငလျင်တိုင်းတာရေးအဖွဲ့က ပြောကြားခဲ့သည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို