နေပြည်တော် မတ် ၅
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ နွေစပါးစိုက် တောင်သူများ ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ သက်တမ်းတိုးပြီး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်း၊ မျိုးသန့်များ ပြောင်းလဲစိုက်ပျိုးလာခြင်းနှင့် လယ်စိုက်တောင်သူများ လျာထားဧကထက် ပြည့်မီကျော်လွန်ရေး ထွန်ယက်စိုက်ပျိုးလျက်ရှိသည်။
တပ်ကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးကို ဆင်သေဆည်ရေသောက်စနစ်ဖြင့် ဧက ၇၃၁၀၊ ကင်းသာဆည်ရေသောက်စနစ်ဖြင့် ၉၅ ဧက စုစုပေါင်းဧက ၇၄၀၅ လျာထားစိုက်ပျိုးပြီး ၆၁၄၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်


