အထက်မင်းလှ မတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြေအောက်ရေကို ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက်ပိုင်းက ကုန်းကြီးကျေးရွာ ကွင်းအမှတ်(၉၆၃)၊ တောင်သူဦးဝင်းဘို၏ ၃ ဧကစိုက်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်၊ စိုက်ပျိုးရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းတို့က မြေအောက်ရေကို ရေမှုန်ရေမွှား ရေဖျန်းစနစ်ဖြင့် နွေနှမ်းစိုက်ပျိုးခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)