နေပြည်တော် ၂၅ ဖေဖော်ဝါရီ 

 

ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာတောင်ဘက် ၁ မိုင်ခွဲခန့်၌ အမြင့် ၂ ပေခန့်ရှိ ဘိန်းစိုက်ခင်း(၂၅)ဧကခန့်အား ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲအုပ် သဲမောင်မောင် ဦးစီးပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

 

အလားတူ ညောင်ရွှေမြို့နယ်၊ နန်းတက်ကျေးရွာ၊ မင်းအောင်ကျေးရွာနှင့် ဖာယပ်ကျေးရွာတို့ရှိ ဘိန်းစိုက်ခင်း (၁၂)ဧကခန့် နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာအုပ်စုအတွင်း၌ အမြင့် ၁၀ လက်မခန့်ရှိ ဘိန်းစိုက်ခင်း (၆)ဧကခန့်အား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်  ပူးပေါင်းအဖွဲ့က ဖျက်ဆီးရှင်းလင်းခဲ့ကြောင်း ရဲပြန်ကြားမှ  သိရသည်။

 

MDN