နေပြည်တော် ၂၅ ဖေဖော်ဝါရီ
မူးယစ်တပ်ဖွဲ့စု(၃၄)ကော့သောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၄ ရက် ၁ နာရီခွဲက ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ မင်္ဂလာတံတားတွင် သောင်းစိုးအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၅၀ ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ညနေ ၅ နာရီက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံကျေးရွာအဝင်၊ ပြည်သူ့စစ် ဂိတ်ကိုရှောင်ကွင်းသည့်လမ်း၌ ထိုင်းနိုင်ငံသား Mr. Phurin Phonbun မောင်းနှင်ပြီး ထိုင်းနိုင်ငံသူ Miss Kuntima Chootan ၊ မြန်မာနိုင်ငံသား လော်ဆာနှင့် မမီညိုးတို့လိုက်ပါလာသည့် Mitsubish TRITON အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးအကြေမှုန့် ၅ ဂရမ်၊ ခြောက်လုံးပြူး သေနတ် ၁ လက်၊ ၎င်းကျည် ၆ တောင့်၊ လက်ကိုင်ဖုန်း ၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)