နေပြည်တော်၊ မတ် ၁၁
ဒု-စာရင်းစစ်မှူးနှင့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ဒေသစာရင်းစစ်ရုံးများမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်း သားများက အွန်လိုင်းမှ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့် ဝန်ထမ်းများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်၊ လိုက်နာရမည့်ကျင့်ဝတ်၊ စည်းကမ်းများကို အခြေခံမှစ၍ သိရှိနားလည်ထားမှသာ နည်းစနစ်ကျကျ ဆောင်ရွက်နိုင်ပြီး အဖွဲ့အစည်း အောင်မြင်တိုးတက်မည်ဖြစ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို လုပ်ငန်းခွင်တွင် စာတွေ့ လက်တွေ့ ပေါင်းစပ်အသုံးချရန် လိုအပ်ပါကြောင်း၊  စစ်ဆေးရေးဆိုင်ရာ အသိပညာ၊ ဗဟုသုတများ တိုးပွားစေရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းဖြင့် ဘက်ပေါင်းစုံမှ ကျွမ်းကျင်သည့် မျိုးဆက်သစ် ဝန်ထမ်းကောင်းများဖြစ်စေရေး၊ ဦးဆောင်မှုအောက်တွင် လိုက်ပါဆောင်ရွက်တတ်သည့် အားထားယုံကြည်ရသော နောက်လိုက်ကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
သင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ဒေသ  စာရင်းစစ်ရုံးများတွင်  ဖေဖော်ဝါရီ ၁၉ ရက်မှ မတ် ၁၁ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်မှ (၃၂) ဦး၊ ဒေသစာရင်းစစ်ရုံးများမှ ဦးရေ (၇၀) တက်ရောက်ခဲ့သည်။ 
သတင်းစဉ်