ထားဝယ် မတ် ၁၂
ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို မတ် ၁၂ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၁၇ ခု၌ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသူ ကျောင်းသား ၉၂၂ ဦး၊ ကျောင်းသူ ၁၅၇၃ ဦး စုစုပေါင်း ၂၄၉၅ ဦး၊ (၉၄ ဒသမ ၆၉ ရာခိုင်နှုန်း) ဝင်ရောက်ဖြေဆိုကြောင်း သိရပြီး ပျက်ကွက်သူ ကျောင်းသား ၇၂ ဦး၊ ကျောင်းသူ ၆၈ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၄၀ ရှိကာ (၅ ဒသမ ၃၁ ရာခိုင်နှုန်း) ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)