ရန်ကုန်  မတ်  ၁၂

 

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေဂါလန် ()သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှုလုပ်ငန်း၊ သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဧရာဝဏ်ဆက်စပ်လမ်းနှင့် ရတနာလမ်းကြား နဝရတ်လမ်း အုတ်ရေမြောင်းတည်ဆောက်နေမှု၊ လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် နာရီခွဲတွင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင်ရွက်နေသည့် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ရေဂါလန် () သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံ အပေါ်အမိုး (Roof Slap) တည်ဆောက်နေမှု လုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီပြီးစီးအောင် ဆောင်ရွက်ရေးနှင့် အပေါ်အမိုး (Roof Slap) ပြီးစီးပါက မြေယာရှုခင်းကောင်းမွန်စေရေး မြက်စိုက်ပျိုးရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ အဆိုပါ ရေဂါလန် () သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျားပေ ၈၀ အနံ ပေ ၄၀ အနက် ၁၁ ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ပေ ၄၀ အနံ ၁၈ ပေရှိပြီး 30 HP (22kW) စက် () လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  ယခုအခါ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ထိုမှတစ်ဆင့် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ဆောင်ရွက်နေသည့် သာကေတမြို့နယ်၊ ၁၀/တောင်ရပ်ကွက်၊ ဧရာဝဏ်ဆက်စပ်လမ်းနှင့် ရတနာလမ်းကြား အရှည် ၁၇၇၀ပေ၊ အကျယ်၅ပေ၊ အနက်၅ ပေရှိ Box Culvert () လုံးပါ နဝရတ်လမ်း အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားကာလိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)