ကျောက်ပန်းတောင်း မတ် ၁၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများ တက်ရောက်လျက်ရှိကြသည်။

 

နွေရာသီအားကစားသင်တန်းများကို မတ် ၁ ရက်မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဘောလုံးအားကစားနည်းတွင် အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၆၀၊ ကရာတေး အားကစားနည်းတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၇ ဦး၊ ဘော်လီဘော အားကစားနည်းတွင် အမျိုးသား ရှစ်ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၈  ဦး၊ Physical Fitness Dance တွင် အမျိုးသား သုံးဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၂၂ ဦးနှင့် မြန်မာ့သိုင်း အားကစားနည်းတွင် အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၃၃ ဦး အားကစားနည်း ငါးမျိုး၌ စုစုပေါင်း ၁၆၇ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)